အမျိုးသားနေ့ နှင့် ဖြစ်ပေါ်လာပုံ
_____________________
နယ်ချဲ့ ဗြိတိသျှ အင်္ဂလိပ် ကို
စတင်တော်လှန်ခဲ့သော
အမျိုးသားအောင်ပွဲ နှစ် ( ၉၇ ) ပြည့် နှစ်ပတ်လည်နေ့……………
13 . 11 .2017
ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခု
တန်ဆောင်မုန်း လပြည့်ကျော်(၁၀) ရက်တွင်
ကျရောက်သော………………
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏
( ၉၇ )နှစ်မြောက် "အမျိုးသားနေ့" ကိုလှိုက်လှိုက်လှဲလှဲဂုဏ်ပြု ကြိုဆိုပါသည်။
"အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ"
ဝံသာနုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော
ဂျီစီဘီအေက ကြီးမှူး၍ ဝံသာနုလှုပ်ရှားမှု အနေနှင့် အမျိုးသားနေ့ သတ်မှတ်ရန် စတင် ကြိုးစားရာမှ အမျိုးသားနေ့ ပေါ်လာရသည်။
၁၉၂၁-ခု မန္တလေး၌ ကျင်းပသော
နဝမအကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်က အမျိုးသားနေ့ သတ်မှတ်ရေး စတင်ဆွေးနွေးခဲ့သည်။
ထို့နောက် ၁၉၂၂ ခုနှစ်၊
ဇွန်လ ၁၇ - ၁၈ တွင် ရန်ကုန်မြို့
ဂျူဗလီဟော၌ ကျင်းပေသော ဂျီစီဘီအေ အထူးကွန်ဖရင့်က ………
၁၉၂၀ ပြည့်၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော
တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့ဟု သတ်မှတ်ကြောင်း
ဆုံးဖြတ်၍ အတည်ပြု ပေးခဲ့သည်။
ထိုနေ့သည် အုပ်ချုပ်သူ နယ်ချဲ့
အင်္ဂလိပ်အစိုးရကို ထိထိရောက်ရောက် တော်လှန်သောနေ့၊
ရန်ကုန်တက္ကသိုလ်ဥပဒေကို
ကန့်ကွက်သည့် အနေဖြင့် ကျောင်းသားများ သပိတ်မှောက်သည့်နေ့၊
အမျိုးသား တော်လှန်ရေး စတင်သည့်နေ့ ဖြစ်ခြင်းတို့ကြောင့် အမျိုးသားနေ့အဖြစ် တညီတညွတ်တည်း ဆုံးဖြတ် အတည်ပြု
ခဲ့ကြခြင်း ဖြစ်သည်။
ထိုနေ့သည် အင်္ဂလိပ် နယ်ချဲ့အစိုးရ အပေါ် အောင်ပွဲခံသောနေ့ ဖြစ်၍ အမျိုးသားအောင်ပွဲနေ့ ဟုလည်း ခေါ်ကြသေးသည်။
ရက်သတ်မှတ်ရာတွင်ပင်
အမျိုးသားနေ့၏ အဓိပ္ပာယ် ပြည့်စုံ
ပေါ်လွင် ပီပြင်စေရန် တက္ကသိုလ်ဥပဒေ ကို သပိတ်မှောက်သော အင်္ဂလိပ်ရက် ဖြစ်သည့်
ဒီဇင်ဘာ ၅ ရက်ဟု မသတ်မှတ်ဘဲ မြန်မာရက်
ဖြစ်သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ဟု တမင် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ သမိုင်းထဲက အမျိုးသားနေ့
******************************
၁၈၈၅ ခုနှစ်တွင်မြန်မာတစ်နိုင်ငံလုံး
အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ပြီးနောက်
ဗိုလ်လ်မင်းရောင်၊ဗိုလ်ချို၊ ဦးအောင်မြတ်၊
ဗိုလ်ဆွန်ပက်စသည့် မျိုးချစ်များ
က တော်လှန်ခဲ့ကြသော်လည်း
တကွဲတပြားနှင့်စည်းလုံးမှုမရှိခြင်း၊
ခိုင်မာသောသဘောတရားမရှိခြင်း၊
ပြည်သူများ ပဒေသရာဇ်စနစ်အောက်နေခဲ့ရ၍
နိုင်ငံရေးနိုးကြားမှု အားနည်းခြင်း၊
ခေတ်မီလက်နက်များမရှိခြင်းတို့ကြောင့်တိုင်းပြည် သူ့ကျွန်ဘဝသို့ရောက်ရှိချေမှုန်းခံလိုက်ရသည်။
ဆရာတော်ဦးဥတ္တမကဲ့သို့…………
နိုင်ငံတကာသို့ရောက်ဘူးပြီး အိန္ဒိယ၊
ဂျပန်စသည့်နိုင်ငံများ၏ နိုင်ငံရေးဖြစ်ပေါ်
တိုးတက်မှုများကိုသိရှိနားလည်ပြီး
မြန်မာပြည်သူများကိုနိုင်ငံရေးမျက်စေ့ဖွင့်ပေးနိုင်ခြင်း။ ဘာသာရေးအသင်းအဖွဲ့အဖြစ်ဖွဲစည်းခဲ့သည့်
`` ဝိုင်အမ်ဘီအေ ´´အသင်း မျိုးကလည်း
ရွှေတိဂုံဘုရားပေါ်မျက်နာဖြူနိုင်ငံခြားသားများဖိနပ်စီးတက်ရောက်မှုကိုဝိုင်းဝန်းကန့်ကွက်ရာမှ
အောင်မြင်မှုရခဲ့ခြင်း။
GCBA ကဲ့သို့နိုင်ငံရေးအသင်းကြီးပေါ်ပေါက်လာခြင်း။
စသည့်အကြောင်းများကြောင့်နိုင်ငံရေးအသိအမြင်နိုးကြားလာသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ရက်နေ့၊
မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ် တန်ဆောင်မုန်း
လဆုတ် ၁၀ ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့်
ဂျပ်ဆင်ကောလိပ်ကျောင်းသားများသည်
ရန်ကုန်တက္ကသိုလ်အက်ဥပဒေကိုကန့်ကွက်
သပိတ်မှောက်ခဲ့ကြသည်။
ထိုသပိတ်သည် ဗြိတိသျှတို့က
မြန်မာနိုင်ငံအားမတရား သိမ်းပိုက်ပြီးနောက်
လွတ်လပ်ရေးအတွက်အမျိုးသားတော်လှန်ရေးကြီးကိုစတင်လိုက်ခြင်းပင်ဖြစ်သည်။
ထိုကျောင်းသားသပိတ်သည်
တနိုင်ငံလုံးသို့ တမဟုတ်ချင်းပျံ့ နှံ့  သွားသည်။
ထိုအပြင်ထိုသပိတ်ကိုအခြေခံပြီး
မျိုးချစ်စိတ်ဓာတ်များနိုးကြားလာ၍
တိုင်းရင်းသားစည်းလုံး
ညီညွတ်မှုကို ရယူတည်ဆောက်ခါ
လွတ်လပ်ရေး တိုက်ပွဲကိုလည်း
အောင်မြင်အောင်ဆင်နွှဲနိုင်ခဲ့သည်။
နယ်ချဲ့ အင်္ဂလိပ်သည်မိမိတို့ ၏
ကိုလိုနီနိုင်ငံများကိုနှစ်ပေါင်း
ရှည်ကြာကျွန်ပြုနိုင်ရန်အတွက်
ပြည်သူများအား အင်္ဂလိပ်တို့ ၏
အုပ်ချုပ်ရေးကိုအကျိုးပြုစေမည့်
ပညာရေးကိုသာသင်ကြားစေ၏။
လူတိုင်းတက္ကသိုလ်မတက်နိင်အောင်
ဥပဒေဖြင့်ကန့်သတ်ထား၏။
ပညာရေးအဆင့်ကိုနိမ့်ပါးအောင်လုပ်ထား၏ ။
၁၉၂၀ ဇွန်လတွင်ရန်ကုန်တက္ကသိုလ်
အက်ဥပဒေကြမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။
ထိုဥပဒေတွင်အဓိကအချက် ၆ ချက်ပါသည်။
ထိုအချက်အားလုံးသည်မြန်မာကျောင်းသားများကို
ကန့်သတ်ချုပ်ချယ်ပြီးအဆင့်အတန်း
ခွဲထားသည်။
ထိုဥပဒေသည်ငွေကြေးတတ်နိုင်သူ
လူနည်းစုကိုသာ တက္ကသိုလ်ပညာ
သင်ကြားခွင့်ရစေပြီး ပညာထူးချွန်သော်လည်း
ငွေကြေးမတတ်နိုင်သူ အောက် ခြေ လူ တန်း စား
များကိုပညာဆက်သင်ခွင့်မရအောင်
ချုပ်ချယ်ထားခြင်းဖြစ်သည်။
ထိုဥပဒေမူကြမ်းကိုကျောင်းသားများက
အပြင်းအထန်ကန့်ကွက်သော်လည်း
ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် က
မြန်မာများသည်ပညာရေးအကြောင်း
နားမလည်ဟုဆိုပြီး ……………
၁၉၂၀ ဒီဇင်ဘာ၂ ရက်နေ့တွင် အက်ဥပဒေကို
အတည်ပြုကြောင်းကြေညာခဲ့သည်။
ထိုကြောင့်ကောလိပ်ကျောင်းသားများသည်
ထိုနှစ်ဒီဇင်ဘာ ၂ရက်နေ့တွင် ရွှေတိဂုံရင်ပြင်၌
တိုင်ပင်ဆွေးနွေးကြပြီး သပိတ်မှောက်ကြရန်
ဆုံးဖြတ်ခဲ့ကြသည်။
ဒီဇင်ဘာ ၄ရက်နေ့တွင်
ရွှေတိဂုံခြေရင်းရွှေကျင်ကျောင်းတိုက်
ဆရာတော် ဦးအရိယကျောင်း၌
အစည်းအဝေးပွဲကြီးပြုလုပ်ပြီး ……………
ဒီဇင်ဘာ ၅ ရက်နေ့(တန်ဆောင်မုန်းလဆုတ် ၁၀ ရက်)ကျောင်းသားများ စတင်သပိတ် မှောက်ခဲ့ကြသည်။
ကျောင်းသားတို့၏ဥပဒေပါအချက်များကို
ကန့်ကွက်သည့်ကြေညာချက်ကို
ဘုရင်ခံထံပေးပို့ခဲ့သည်။
ဘုရင်ခံကအကြောင်းပြန်ကြားခြင်း
မပြုသည့်အတွက် သပိတ်ဆက်မှောက်ခဲ့သည်။တက္ကသိုလ်သို့ဆက်လက် မတက်ရောက်တော့ပဲ
GCBA ဂျီစီဘီအေခေါင်းဆောင်များနှင့် တိုင်ပင်၍ အမျိုးသားကျောင်းများတည်ထောင်ကြသည်။
ဗဟန်းမြို့နယ်ရွှေကျင်ကျောင်းတိုက်ကြီးတွင်
အမျိုးသားကောလိပ်ကိုဖွင့်လှစ်ခဲ့သည်။
ပြင်ပပညာရှင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊
ဒီးဒုတ်ဦးဘချိုတို့ကစေတနာ့ဝန်ထမ်း
သင်ကြားပေးသည်။
ထိုစဉ်က တက္ကသိုလ်သပိတ်ကို
တစ်နိုင်ငံလုံးကထောက်ခံခဲ့ကြသည်။
အထက်တန်းကျောင်းများက
လည်းထောက်ခံသည့်အနေဖြင့်
သပိတ်မှောက်ကြသည်။
ဤသပိတ်မှတဆင့်မြန်မာတနိုင်ငံလုံးတွင်
အမျိုးသားကျောင်းများ ပေါ်ထွန်းလာသည်။အမျိုးသားပညာရေးကောင်စီကိုလည်း
ဖွဲ့စည်းနိုင်ခဲ့သည်။
ဤသပိတ်ကြောင့်……………
ပြည်သူလူထုအတွင်းနယ်ချဲ့ ဆန့်ကျင်ရေး၊
အမျိုးသားရေးစိတ်ဓာတ်များတဟုန်ထိုး
ပေါ်ပေါက်လာခဲ့သည်။
ထိုနေ့ကို အမျိုးသားနေ့ဟုသတ်မှတ်ခဲ့ပုံကား
၁၉၂၁ အောက်တိုဘာတွင်
အမျိုးသားပေါင်းချုပ်အသင်း
GCBA ကွန်ဖရင့်ကို
မန္တလေးမြို့၌ကျင်းပသည်။
မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ
ကိုယ်စားလှယ်များတက်ရောက်ကြ၍
အနာဂတ်အတွက်ဆွေးနွေးခဲ့ကြသည်။
သူရိယသတင်းစာမှ ဦးတုတ်ကြီးက
သီပေါမင်းပါတော်မူသည့်နေ့
ပျဉ်းမနား ဦးဒွေးက ဆရာတော်ဦးဥတ္တမ
ထောင်ကျသောနေ့
တက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်
ဦးမြင့်က ၁၉၂၀ခုနှစ် ကျောင်းသားသပိတ်
ကြီးသာလျှင်တမျိုးသားလုံးစည်းလုံးမှု
ဇာတိမာန်ကိုဖြစ်တည်စေခဲ့သည်။
အရှုံးပြယုဂ်မဟုတ် အနိုင်သာဖြစ်သည်။
ဦးမြင့်၏အဆိုကိုအားလုံးကသဘော
တူ အတည်ပြုခဲ့သဖြင့် ကျောင်းသာများ
သပိတ်မှောက်ခဲ့သော ၁၂၈၂ခုနှစ်တန်
ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်
နေ့ကိုအမျိုးသားနေ့ဟုသတ်မှတ်ခဲ့
လေသည်။
(1940)ခုနှစ်တွင်မှ အစိုးရက အမျိုးသား
နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်
မှတ်ပေးခဲ့သည်။
(13.11.2017) နေ့သည်
မြန်မာ့သမိုင်းတွင် မော်ကွင်းမှတ်တိုင်
တစ်ခုဖြစ်သည့်(၉၇) နှစ်မြောက်
အမျိုးသားနေ့ပင်ဖြစ်သည်။
မြန်မာတစ်မျိုးသားလုံးဂုဏ်ယူရမည့်
နေ့ထူးနေမြတ်ဖြစ်သလိုနှစ်စဉ်နှစ်တိုင်း
လည်းအမျိုးသားနေ့အောင်ပွဲများကို
ကျင်းပလာခဲ့သည်မှာယနေ့ထိတိုင်ဖြစ်သည်။
ဤသို့ဖြင့် အမျိုးသားရေး
လက္ခဏာများပို၍ ပေါ်လွင်ထင်ရှားစေခဲ့သည့် အမျိုးသားနေ့ကို အစဉ်မမေ့အပ်ပေ……………
ခရက်ဒစ် - မူရင်း
ပြန်လည်မျှဝေပါသည်
လေးစားလျှက်

No comments:
Post a Comment