လူငယ်တွေသီးသန့်ဖတ်စေချင်တယ်
******************************
ဒီလိုခေါင်းစဉ်တပ်လိုက်လို့ကိုယ့်ကိုလူကြီလို့မထင်စေချင်တာကတော့အမှန်......
ကိုယ်လည်းလူငယ်ထဲကလူငယ်တစ်ယောက်မို့ကြုံဘူးတဲ့အတွေ့အကြုံလေးဝေမျှပေးတာဖြစ်တယ်...ကိုယ်မသိသေးတာရှိရင်လည်းဝင်ရောက်အကြံပေးလို့ပါတယ်....
ရိုးရာပွဲထဲမှာ ပြဿနာအများဆုံးတက်တဲ့ပွဲက သင်္ကြန်ပွဲပဲ ဒါကြောင့်ခုလိုအရစ်ရှည်ပြီးတကူးတကအကြံပေးတာပါ.....
.
.
လူငယ်ဘဝပျော်တယ်ဆိုတာ ပျော်တတ်ဖို့အဓိကလိုအပ်တယ် ကိုယ်ပျော်တာကိုဘယ်သူမှမထိခိုက်အောင်သတိထားတတ်ရတယ် ဒါမှလည်းကိုယ့်အပျော်က စစ်မှန်တဲ့အပျော်ဖြစ်မှာပေါ့......
.
.
လူငယ်ဘဝပျော်တယ်ဆိုတာ ပျော်တတ်ဖို့အဓိကလိုအပ်တယ် ကိုယ်ပျော်တာကိုဘယ်သူမှမထိခိုက်အောင်သတိထားတတ်ရတယ် ဒါမှလည်းကိုယ့်အပျော်က စစ်မှန်တဲ့အပျော်ဖြစ်မှာပေါ့......
တချို့သောလူငယ်တွေကိုကြည့်လိုက်ရင် သင်္ကြန်လည်တာကို ဒုတ်ဆောင်သွားရတာနဲ့ ခါးကြားထဲဓါးထိုးသွားရတာနဲ့ ပျော်ဖို့ထွက်တာလား ရှေ့တန်းထွက်တိုက်ပွဲဝင်မှာလားတောင်မသဲကွဲဘူး....
လူငယ်ပဲလေဒီလိုပွဲမှာသောက်ဖြစ်မယ် မူးမယ် စကားများမယ် နောက်ဆုံးရန်ဖြစ်တော့ရော လက်သီးပါတာပဲ ထိုးပလိုက်ပေါ့ ပြန်ထိုးတော့လည်ခံပေါ့ နောက်ဆုံးအခြေနေက ဖုယောင်ပြီးကွဲပြဲတာအပြင်ဘာမှမဖြစ်ဘူး....
ရန်ဖြစ်စေချင်လို့ပြောနေတာမဟုတ်ဘူးနောက်ဆုံးအခြေအနေကိုတွက်ပြတာပါ ( ကြားထဲကန့်လန့်တိုက်မယ့်ပညာရှင်တွေလည်းကြောက်ရသေး )...
ဆိုကြပါစို့ ဓါးဆောင်သွားမယ် အကြောင်းပြချက်ကတော့ ရန်မဖြစ်ပါဘူးကွကိုယ်ကာကွယ်ဖို့ဆိုပြီအကြောင်းပြဦးမယ်...
ရန်ဖြစ်တယ်ဆိုတာကသွေးပူနေရင်ကွကိုယ်တောင်ထိန်းလို့ရတဲ့အမျိုးမဟုတ်ဘူး ဓါးမပြောနဲ့ သေနတ်ရှိလည်းပစ်မိမှာပဲ...
နောက်ဆက်တွဲပြဿနာဘာလာမယ်ထင်သလဲ......
နောက်ဆက်တွဲပြဿနာဘာလာမယ်ထင်သလဲ......
ပျော်ချင်သလောက်ပျော် စစ်မှန်တဲ့အပျော်တော့ဖြစ်ဖို့လိုတယ် ။ ရန်ဖြစ်တယ်ဆိုတာကလည်း ရှုံးရင်တော့ သင်္ချိုင်းကုန်း နိုင်ရင်လည်း ကျောက်ထုဖို့သာပြင်ထား ဘယ်သူ့အတွက်မှအကျိုးမရှိဘူး....
ကိုယ့်ကိုဆော်ကားသွားလို့ ကိုယ့်မိဘကိုထိခိုက်အောင်လုပ်လို့ သူ့ကြောင့်ကိုယ့်ဘဝပျက်မတတ်ဖြစ်ခဲ့လို့ဆိုရင်တော့မပြောလိုဘူး မတွေ့ရင်တောင်ရှာပြီးလက်တုန့်ပြန် အားပေးတယ်...
ဘာမဟုတ်တဲ့ပျော်ပွဲတစ်ခုမှာ မတော်တဆတွေ့ပြီး ဘဝပျက်လောက်တဲ့အမှားမျိုးမဖြစ်မိရလေအောင် စပြီးလည်မယ်ဆိုကတည်းက သေချာစဉ်းစားကြပေါ့...
ထပ်ပြီးသတိပေးပါမယ် စပြီးလည်မယ်ဆိုကတည်းက ဒုတ် ဓါး စတဲ့ပစ္စည်းတွေကိုင်ဆောင်ပြီးမလည်ကြပါနဲ့......
လက်ထဲမှာအဲ့ပစ္စည်းတွေရှိနေတာနဲ့ဒေါသနဲ့ပေါင်းမိသွားရင် တစ်ဘဝလုံးပြင်လို့မရတဲ့အမှားတွေဖြစ်တတ်ပါတယ် ။
စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ အစွန်းဆုံးပျော်ရွှင်နိုင်ကြပါစေ
" ပျော်သလိုသာနေပါ သူများကိုမထိခိုက်ပါစေနှင့် "
Create - sai htet
#စာပေ အလင်းတန်း
#စာပေ အလင်းတန်း
No comments:
Post a Comment