Sunday, December 31, 2017
ဖတ်ဖြစ်အောင်ဖတ်ပါ
-------------------------
လူသိနဲသော သိသင့်တာလေးများ
=========================
ဒါလေးတွေကတော့ အင်တာနက်ပေါ်ကနေ ဖတ်မိတာလေးတွေပါ။ ဘယ်သူစုဆောင်းထားတာလဲ ဆိုတာ သေချာတော့ မသိပါဘူး...။ အားလုံးသိစေဖို့ ပြန်ရှယ်လိုက်ပါတယ်။ မိတ်ဆွေလည်း ဖတ်ကြည့်လို့ကောင်းရင် ပြန်ရှယ်ဖို့ မမေ့ပါနဲ့။
၁) သင့်ရဲ့ဖိနပ်တွေဟာ လူတွေကသင့်ကို မသိလိုက်မသိဘာသာ သတိပြုမိစေမယ့် ပထမဆုံးအရာတွေဖြစ်ပါတယ်... ဒါကြောင့် သင့်တင့်ကောင်းမွန်တဲ့ ဖိနပ်ကိုဝတ်ဆင်ဖို့လိုပါတယ်...
၂) အကယ်လို့ သင်က တစ်နေ့ကို ၁၁ နာရီထက်ပိုထိုင်နေရမယ်ဆိုရင် နောက် ၃ နှစ်အတွင်း အသက်သေဆုံးဖို့ ၅၀% ရှိပါတယ်....
၃) ဒီကမ္ဘာပေါ်မှာ သင်နဲ့ရုပ်ချင်းတူတဲ့သူ အနည်းဆုံး ၆ ယောက်လောက်ရှိနေပါတယ်... သင့်ဘဝတစ်လျှောက်လုံးမှာ သူတို့ထဲက တစ်ယောက်နဲ့ဆုံစည်းဖို့ ၉% အခွင့်အရေးရှိပါတယ်...
၎) ခေါင်းအုံးမပါဘဲ အိပ်တာဟာ နောက်ကျောနာကျင်မှုဝေဒနာကို သက်သာစေပြီး သင့်ကျောရိုးကိုလည်း ပိုပြီး သန်မာစေပါတယ်...
၅) လူ့ဦးနှောက်က သတိမပြုဘဲ မနေနိုင်တဲ့အရာသုံးမျိုးရှိတယ်... အဲ့ဒါတွေကတော့ အစားအစာ... ဆွဲဆောင်မှုရှိတဲ့သူတွေနဲ့ ဘေးအန္တရာယ်တို့ပဲဖြစ်တယ်...
၆) ညာသန်တွေဟာ အစားအစာကို ညာဘက်မှာ ဝါးတာများတယ်....
၇) လက်ဘက်ခြောက်ကိုအိတ်နဲ့ထည့်ပြီး အနံ့ဆိုးတဲ့နေရာတွေမှာထားရင် အဲ့ဒီအနံ့ဆိုးတွေကို လက်ဘက်ခြောက်က စုပ်ယူသွားလိမ့်မယ်...
၈) အိုင်းစတိုင်းရဲ့အဆိုအရ ပျားရည်ထုတ်ယူနိုင်တဲ့ ပျားမျိုးတွေ ဒီကမ္ဘာမြေပြင်ပေါ်က ပျောက်ကွယ်သွားမယ်ဆိုရင် လူသားတွေလည်း ၄ နှစ်အတွင်း သေဆုံးသွားကြလိမ့်မယ်...
၉) ပန်းသီးမျိုးကွဲပေါင်းအများအပြားရှိတယ်... တစ်နေ့ကိုတစ်မျိုးစားမယ်ဆိုရင် အမျိုးအစားအားလုံးကုန်ဖို့ အနှစ် ၂၀ ကျော်ကြာလိမ့်မယ်...
၁၀) အစာမစားဘဲနေမယ်ဆိုရင် ရက်သတ္တပတ်နဲ့ချီပြီး သင်အသက်ရှင်နေနိုင်မယ်... မအိပ်ဘဲနေမယ်ဆိုရင်တော့ ၁၁ ရက်ပဲ သင်အသက်ရှင်နေနိုင်မယ်...
၁၁) အားပါးတရရယ်တဲ့သူတွေဟာ သိပ်မရယ်တဲ့သူတွေထက် ကျန်းမာရေးပိုကောင်းတယ်...
၁၂) ပျင်းရိခြင်းနဲ့ လှုပ်ရှားတက်ကြွမှုမရှိခြင်းကြောင့် သေဆုံးရသူတွေဟာ ဆေးလိပ်သောက်လို့ သေဆုံးရသူ အရေအတွက် လောက်ရှိတယ်...
၁၃) လူသားရဲ့ဦးနှောက်ရဲ့ သိုမှီးနိုင်မှုပမာဏဟာ Wikipedia ထဲမှာပါတဲ့အချက်အလက်ရဲ့ ၅ ဆရှိတယ်...
၁၄) ကျွန်တော်တို့ဦးနှောက်က အသုံးပြုတဲ့ စွမ်းအင်ဟာ ၁၀ ဝပ် မီးသီးက သုံးတဲ့စွမ်းအင်နဲ့တူတယ်....
၁၅) ကျွန်တော်တို့ ခန္ဓာကိုယ်က ထုတ်ပေးနိုင်တဲ့အပူဟာ မိနစ် ၃၀ အတွင်း ၁ လီတာခွဲရှိတဲ့ ရေကို ဆူနိုင်တဲ့အထိရှိတယ်...
၁၆) သားဥဟာ လူသားရဲ့ အကြီးဆုံးဆဲလ်ဖြစ်ပြီး သုတ်ကောင်ဟာ အသေးဆုံးဆဲလ်ဖြစ်တယ်...
၁၇) အစာချေရည်ဟာ သင်တုံးဓားသွားကို အရည်ပျော်စေနိုင်လောက်အောင်ပြင်းတယ်...
၁၈) ပြုံးပါ... အပြုံးဟာ အထိရောက်ဆုံး စိတ်ကျရောဂါကာကွယ်ဆေးဖြစ်တယ်...
ဖတ်မိလို့ကောင်းတာလေးတွေကို မျှဝေပေးတာလည်း မေတ္တာတစ်မျိုးပါ။
Crd
အသက် ၃၀ ​ - ၄၀ ပတ်ချာလည်တွေကို ချက်ချင်းဖမ်းပြီး 
ရည်းစားတော်သင့်တဲ့ အချက် ၁၃ ချက်...
၁- ဒီအရွယ်တန်းတွေဆိုတာက အနေတော်မှာ
ချလိုက်တဲ့ ကုလားပဲအိုးလိုပဲ၊ မာဆတ်ဆတ်ကြီးလည်း
ဖြစ်မနေဘူး၊ ပြဲလည်း မပြဲသလို၊ တူးလည်း မတူးဘူး၊
ပြောရရင် နူးပြီး အိနေကြပြီပေါ့၊ အဆင်သင့်ခူးခပ်စားရုံ...
၂- နောက်ပြီး ဒီအရွယ်တွေက ရည်းစားနဲ့ ဖုန်းပြောဖို့
အရေး ဖုန်းဘေလ်ပြေးစစ်ရတဲ့အထဲမှာ မပါဘူး၊ သူတို့က
အလုပ်နဲ့ အကိုင်နဲ့ အထုပ်နဲ့ အထည်နဲ့ ဖြစ်နေကြပြီ...
၃- နောက်တစ်ချက်က သူတို့ဟာ ချက်ဆို နားကွက်က
မီးဟုန်းဟုန်းတောက်နေကြပြီ၊ အရိပ်ပြရုံနဲ့တင် အကောင်
တင်မကဘဲ အသွေးရော အသားပါ ထိုးဖောက်ပြီး
ကွက်ကျော်မြင်တတ်နေကြပြီ...
၎- အရေးကြီးတဲ့တစ်ချက်က သူတို့ဟာ ဆိုးလို့ ဝနေကြပြီ၊
မလုပ်ဘူးတာမရှိ၊ မစမ်းဘူးတာမရှိ၊ မကလိဘူးတာမရှိ၊
ဒီတော့ ဒီတစ်ချီသာ ပွပေါက်တိုးလို့ကတော့ ဒီတစ်သက်
လိမ္မာပြီကွာဆိုတဲ့ အတွေးကို ရင်ဝယ်ပိုက်လာကြပြီ...
၅- နောက်တစ်ခုက ဒီအရွယ်တန်းတွေဟာ လူပါး
တော်တော်ဝနေကြပြီ၊ သူတို့က တော်ရုံတန်ရုံ ကြုံရမယ့်
လောကဓံလောက်ဆို နည်းနည်းလေးမှ မဖြုံတော့ဘူး...
၆- နောက်ပြီးသူတို့ဟာ လိုရင်းကို တိုတိုရှင်းရှင်းပဲ
လုပ်ချင်ကိုင်ချင်နေကြပြီ၊ ဝှေ့မနေတော့ဘူး၊ ဒဲ့ပဲ၊
အီစီကလီတွေ၊ မူလဂျီတွန်တီတွေကို စိတ်မဝင်စားဘူး...
၇- သူတို့ဟာ နေရာတကာမှာ ဆရာကျနေကြပြီဖြစ်လို့
သူတို့လက်ထဲကို သင့်ဘဝကြီး ဝကွက်အပ်လို့ ရနေပြီ၊
ဆိုလိုတာက မြင်ရုံနဲ့တင် အားကိုးချင်စရာကြီးတွေပေါ့...
၈- ကိုကိုခေါ်ရင် "ဗျာ"တန်းထူးတာ၊ "မောင်"ဆိုတာနဲ့
ငေါက်ကနဲ ထထိုင်တာ ဒီအရွယ်တန်းတွေပါပဲ၊ သူတို့ဟာ
ဂျစ်ကန်ကန်တွေ မဟုတ်ဘူး၊ မိုက်ကန်းကန်း မလုပ်ဘူး...
၉- သင်ဆိုးချင်တိုင်ဆိုး၊ ကောက်ချင်တိုင်းကောက်၊
ချွဲချင်တိုင်းချွဲ၊ နွဲ့ချင်တိုင်းနွဲ့တာတွေကို သည်းခံနိုင်တဲ့
နေရာမှာ သူတို့အရွယ်တွေက နိုးတူးပါပဲ၊ သူတို့ဟာ
သင်ကျင့်သမျှ (အနိုင်) ကို သွေးအေးအေးနဲ့ ရင်ဆိုင်မယ့်
အာဂတွေပါပဲ...
၁၀- သူတို့ဟာ အံတိုနေတဲ့အမျိုး၊ အရေထူနေတဲ့အစား
တွေဖြစ်လို့ စိတ်ကောက်တာတွေ၊ ချေ(ဂျီ)တိုက်တာတွေ၊
ရစ်တာတွေ၊ ချေတာတွေကို သိပ်မလုပ်ကြတော့ပါဘူး...
၁၁- နောက်ပြီး သူတို့ဟာ အတောင်စုံ၊ အလက်စုံပြီး
အလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေကြတာမို့ ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့
အိမ်တပြောင် မီးတဆောင်လောက်ကို အသာလေး
"ဟချလောင်း"ဆိုပြီး လုပ်ပြနိုင်တဲ့သူတွေဖြစ်ပါတယ်...
၁၂- ဒီအရွယ်တွေဟာ သူတို့ဘဝမှာ ချီးထုပ်ပေါင်းများစွာ
ကို ရင်ဆိုင်ကြုံတွေ့ဖြတ်ကျော်လာကြသူချည်းဖြစ်တာမို့
ဒီတစ်ခါတော့ အပိုင်ပဲကွဆိုပြီး အားခဲထားကြသူတွေပါ...
၁၃- ဆိုတော့ သူတို့အရွယ်တွေဟာ ဘောလုံးစကားနဲ့ 
ပြောရရင် အကောင်းဆုံးအချိန်ကို ရောက်နေကြသူတွေ
ဖြစ်တာမို့ သင့်အနေနဲ့ ဒီ့ထက်ပိုပြီး နောက်မကျခင် 
ခပ်မြန်မြန်လေး လက်သွက်ဖို့တော့ လိုနေကြောင်းပါ...😂😂😂
ကဲစဉ်းစားမ​နေနဲ့ ၃၀ ​ကျော်​ ကိုကို မမ ​တွေကို
ခုချက်​ချင်းဖမ်းပြီး ရည်းစား​တော်​လိုက်​​တော့ Oki
Credit......
လူငယ်တွေသီးသန့်ဖတ်စေချင်တယ်
လူငယ်တွေသီးသန့်ဖတ်စေချင်တယ် ******************************
ဒီလိုခေါင်းစဉ်တပ်လိုက်လို့ကိုယ့်ကိုလူကြီလို့မထင်စေချင်တာကတော့အမှန်......
ကိုယ်လည်းလူငယ်ထဲကလူငယ်တစ်ယောက်မို့ကြုံဘူးတဲ့အတွေ့အကြုံလေးဝေမျှပေးတာဖြစ်တယ်...ကိုယ်မသိသေးတာရှိရင်လည်းဝင်ရောက်အကြံပေးလို့ပါတယ်....
ရိုးရာပွဲထဲမှာ ပြဿနာအများဆုံးတက်တဲ့ပွဲက သင်္ကြန်ပွဲပဲ ဒါကြောင့်ခုလိုအရစ်ရှည်ပြီးတကူးတကအကြံပေးတာပါ.....
.
.
လူငယ်ဘဝပျော်တယ်ဆိုတာ ပျော်တတ်ဖို့အဓိကလိုအပ်တယ် ကိုယ်ပျော်တာကိုဘယ်သူမှမထိခိုက်အောင်သတိထားတတ်ရတယ် ဒါမှလည်းကိုယ့်အပျော်က စစ်မှန်တဲ့အပျော်ဖြစ်မှာပေါ့......
တချို့သောလူငယ်တွေကိုကြည့်လိုက်ရင် သင်္ကြန်လည်တာကို ဒုတ်ဆောင်သွားရတာနဲ့ ခါးကြားထဲဓါးထိုးသွားရတာနဲ့ ပျော်ဖို့ထွက်တာလား ရှေ့တန်းထွက်တိုက်ပွဲဝင်မှာလားတောင်မသဲကွဲဘူး....
လူငယ်ပဲလေဒီလိုပွဲမှာသောက်ဖြစ်မယ် မူးမယ် စကားများမယ် နောက်ဆုံးရန်ဖြစ်တော့ရော လက်သီးပါတာပဲ ထိုးပလိုက်ပေါ့ ပြန်ထိုးတော့လည်ခံပေါ့ နောက်ဆုံးအခြေနေက ဖုယောင်ပြီးကွဲပြဲတာအပြင်ဘာမှမဖြစ်ဘူး....
ရန်ဖြစ်စေချင်လို့ပြောနေတာမဟုတ်ဘူးနောက်ဆုံးအခြေအနေကိုတွက်ပြတာပါ ( ကြားထဲကန့်လန့်တိုက်မယ့်ပညာရှင်တွေလည်းကြောက်ရသေး )...
ဆိုကြပါစို့ ဓါးဆောင်သွားမယ် အကြောင်းပြချက်ကတော့ ရန်မဖြစ်ပါဘူးကွကိုယ်ကာကွယ်ဖို့ဆိုပြီအကြောင်းပြဦးမယ်...
ရန်ဖြစ်တယ်ဆိုတာကသွေးပူနေရင်ကွကိုယ်တောင်ထိန်းလို့ရတဲ့အမျိုးမဟုတ်ဘူး ဓါးမပြောနဲ့ သေနတ်ရှိလည်းပစ်မိမှာပဲ...
နောက်ဆက်တွဲပြဿနာဘာလာမယ်ထင်သလဲ......
ပျော်ချင်သလောက်ပျော် စစ်မှန်တဲ့အပျော်တော့ဖြစ်ဖို့လိုတယ် ။ ရန်ဖြစ်တယ်ဆိုတာကလည်း ရှုံးရင်တော့ သင်္ချိုင်းကုန်း နိုင်ရင်လည်း ကျောက်ထုဖို့သာပြင်ထား ဘယ်သူ့အတွက်မှအကျိုးမရှိဘူး....
ကိုယ့်ကိုဆော်ကားသွားလို့ ကိုယ့်မိဘကိုထိခိုက်အောင်လုပ်လို့ သူ့ကြောင့်ကိုယ့်ဘဝပျက်မတတ်ဖြစ်ခဲ့လို့ဆိုရင်တော့မပြောလိုဘူး မတွေ့ရင်တောင်ရှာပြီးလက်တုန့်ပြန် အားပေးတယ်...
ဘာမဟုတ်တဲ့ပျော်ပွဲတစ်ခုမှာ မတော်တဆတွေ့ပြီး ဘဝပျက်လောက်တဲ့အမှားမျိုးမဖြစ်မိရလေအောင် စပြီးလည်မယ်ဆိုကတည်းက သေချာစဉ်းစားကြပေါ့...
ထပ်ပြီးသတိပေးပါမယ် စပြီးလည်မယ်ဆိုကတည်းက ဒုတ် ဓါး စတဲ့ပစ္စည်းတွေကိုင်ဆောင်ပြီးမလည်ကြပါနဲ့......
လက်ထဲမှာအဲ့ပစ္စည်းတွေရှိနေတာနဲ့ဒေါသနဲ့ပေါင်းမိသွားရင် တစ်ဘဝလုံးပြင်လို့မရတဲ့အမှားတွေဖြစ်တတ်ပါတယ် ။
စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ အစွန်းဆုံးပျော်ရွှင်နိုင်ကြပါစေ
" ပျော်သလိုသာနေပါ သူများကိုမထိခိုက်ပါစေနှင့် "
Create - sai htet
#စာ​ပေ အလင်းတန်း
LOVE
ယောက်ျားလေးတွေ လိုချင်တဲ့ မိန်းကလေးမျိုးဆိုတာ
အောင်မြင်ချိန်မှာ အနားမှာအမြဲရှိနေသလိုမျိုး
ကျရှုံးချိန်မှာလည်း လက်တွဲမဖြုတ်မယ့် အားပေးတက်တဲ့
မိန်းကလေးမျိုးပါ။
Crd
2018
နှစ်​သစ်​မှာ စိတ်​ချမ်းသာခြင်းနဲ့ ပြည့်​ဝပ​စေ
Saturday, December 30, 2017
ကိုယ်​လူတ​ယောက်​ကို ဘာ​ကြောင့်​မုန်းတယ်​ဆိုတာကို သိရလို့ ကိုယ်​ကို မမုန်း​အောင်​ ​ရှောင်​တက်​လာတယ်
ကိုယ်​ စိတ်​ညစ်​တဲ့​ဝေဒနာခံစားဖူးလို့ ဘယ်​သူ့ကိုမှ စိတ်​ညစ်​မ​စေချင်​ဘူး
ဒါဟာတကယ်​မှန်​​သောစကားပါ
မန်မာပြည်ရှိ တရုတ်လူမျိုး မြန်မာပြည်ရှိ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံတွင် မွေးဖွားသည့် သို့မဟုတ် ကြီးပျင်းသည့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ ဖြစ်သည်။ တရုတ်အစိုးရမှ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းအရ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများသည် လူဦးရေ စုစုပေါင်း၏ ၃ % ခန့်ရှိသည်ဟု သိရသည်။ လက်တွေ့တွင်မူ ဤအရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု ခန့်မှန်းကြသည်။ ခွဲခြား ဆက်ဆံခြင်းခံရမည်ကို စိုးရိမ်၍ မိမိကိုယ်ကို ဗမာဟု ပြောဆိုနေသူများ၊ ကပြားများ၊ ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း အထက်မြန်မာပြည်အတွင်းသို့ အလုံးအရင်းအလိုက် တရားမဝင် ပြောင်းရွှေ့လာသူများသည် စာရင်းတွင်ထဲတွင် ပါဝင်ခြင်း မရှိဟု ခန့်မှန်းရသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများကို စစ်ဘက်အာဏာပိုင်များနှင့် အစုအစပ် လုပ်ကိုင်နေသည် ဆိုဦးတော့ စီးပွားရေး လုပ်ငန်းအများစုကို မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ ပိုင်ဆိုင်ကြသည်ဟု ဆိုနိုင်သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တရုတ်လူမျိုး အများစုသည် ပညာရေးကို အလေးထားသဖြင့် အဆင့်မြင့် ပညာရေး (တက္ကသိုလ် ပညာရေး) အထိ ဆည်းပူးသင်ယူကြသဖြင့် မြန်မာနိုင်ငံ၏ ပညာတတ် လူတန်းစားတွင်လည်း တရုတ်လူမျိုး အတော်များသည်။
လူဦးရေ
ယေဘုယျအားဖြင့် အောက်မြန်မာပြည်တွင် တရုတ်လူမျိုး အုပ်စု (၃)စုနေထိုင်ကြသည်။
ဖူကျန့်ပြည်နယ်မှ ဟုတ်ကင်လူမျိုး (အင်္ကျီရှည်၊ လက်ရှည်)
ကွမ်တုန်းပြည်နယ်မှ ကွမ်းတုန်လူမျိုး (အင်္ကျီတို၊ လက်တို)
ဖူကျန့်နှင့် ကွမ်တုန်းပြည်နယ်မှ ဟတ်ကားလူမျိုး (စက)
မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများအနက် ဟုတ်ကင်နှင့် ကွမ်တုန်းတို့မှာ ၄၅ % ခန့်ရှိသည်။ ဟတ်ကားလူမျိုးများကိုမူ ၎င်းတို့၏ မူလဌာနေကို အစွဲပြု၍ ဖူကျန့် (福建省) မှလာသူကို အင်္ကျီရှည် ဟတ်ကားနှင့် ကွမ်တုန်း (廣東省) မှလာသူကို အင်္ကျီတို ဟတ်ကားဟု ထပ်မံခွဲခြားထားသည်။ မြန်မာရှိ တရုတ်များအနက် ကွမ်းတုန်လူမျိုးများသည် အဆင်းရဲဆုံး၊ အစိုးရဝန်ထမ်းများနှင့် အချိတ်အဆက်ကောင်းသည့် ဟုတ်ကင်များသည် အချမ်းသာဆုံးဟု မြန်မာများအကြားတွင် ရှေးရိုးစွဲအမြင်များ ရှိသည်။
အထက်မြန်မာပြည်နှင့် ရှမ်းကုန်းပြင်မြင့်ဒေသတွင် အခြေချသည့် တရုတ်လူမျိုးအများစုမှာ ယူနန်ပြည်နယ်ဘက်မှ လာသည့် ယူနန်လူမျိုး၊ ပန်းသေးများနှင့် ကိုးကန့်လူမျိုးများ အဓိကဖြစ်သည်။ တောင်တန်းဒေသများတွင် တောင်ယာလုပ်ငန်းနှင့် အသက်မွေးသည့် ကိုးကန့်လူမျိုးများမှာ မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် ရှမ်းပြည်နယ် တိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်သည်။ လက်တွေ့တွင်မူ ကိုးကန့်တို့သည် ရှမ်းများနှင့် ဘာသာစကား အပိုင်းမှာရော၊ မျိုးရိုးအပိုင်းမှာပါ ဆက်စပ်မှု မရှိချေ။ အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သည့် အရောင်းအဝယ် လုပ်ငန်းဖြင့် အသက်မွေးကြသူ မူဆလင် ပန်းသေးများကိုလည်း ဒေသခံများအဖြစ် ယူဆထားသည်မှာလည်း အချိန်ကာလ အတော်လေး ကြာမြင့်ပြီဖြစ်သည်။ ကိုးကန့်နှင့် ပန်းသေးများမှာ မြန်မာရှိ တရုတ်လူဦးရေ၏ ၂၁ % ခန့်ရှိသည်။ ကျန်တရုတ်လူမျိုးများမှာ တရုတ် မြန်မာ 'ကပြား'များ ဖြစ်ကြသည်။
ယဉ်ကျေးမှု
ဘာသာစကား
မြန်မာရှိ တရုတ်များသည် များသောအားဖြင့် ဗမာစကားအား မိခင်ဘာသာစကားအဖြစ် ပြောဆို အသုံးပြုကြသည်။ တရုတ်ကျောင်းတက်သူများလည်း ရှိသောကြောင့် တရုတ်လို အလောတော် သို့မဟုတ် ကျွမ်းကျင်စွာ ပြောဆိုနိုင်သူလည်း မနည်းပါ။ ဖူထုန်းဟွ (အင်္ဂလိပ်လို Mandarin) ခေါ် ရုံးသုံး တရုတ်စကားအပြင် အခြား ဒေသန္တရ ဘာသာစကားများ ဖြစ်သည့် ဟုတ်ကင် (မင်နန်) စကားကို အောက်မြန်မာပြည်တွင်လည်းကောင်း ထိုင်ဆန်းကွမ်းတုန်စကားနှင့် ယူနန်စကားကို အထက်မြန်မာပြည်တွင်လည်းကောင်း ပြောဆို အသုံးပြုကြသည်ကိုလည်း တွေ့ရှိနိုင်သည်။
ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် (၁၉၆၂-၁၉၈၈)အကြားတွင် တရုတ်ကျောင်းများအား ပိတ်ပင်ခဲ့သောကြောင့် တရုတ်စကား ပြောတတ်သူ လျော့နည်းခဲ့သည်။ သို့သော်လည်း ယနေ့ခေတ် ကမ္ဘာအဝှမ်းတွင် တရုတ်စာ၊ တရုတ်စကား အရေးပါလာသောကြောင့် မြန်မာနိုင်ငံတွင်လည်း တရုတ်ကျောင်း အရေအတွက် တိုးပွားလျက်ရှိသည်။ ယင်း တရုတ်ကျောင်းများတွင် တရုတ်လူမျိုးများသာမက ဗမာနှင့် အခြားတိုင်းရင်းသား လူမျိုးများပင် တက်ရောက်သင်ယူကြောင်း တွေ့ရှိရသည်။
ကိုးကွယ်ယုံကြည်မှု
မြန်မာရှိ တရုတ်အများစုမှာ တာအိုဘာသာ၊ မဟာယာနဗုဒ္ဓဘာသာ ရောယှက်လျှက်ရှိသည့် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည်။ ကွမ်ယင်မယ်တော်အား ကိုးကွယ်ခြင်းမှာ သိသာထင်ရှားသည့် သာဓက တစ်ခုဖြစ်သည်။ တရုတ်နှစ်ကူး ကဲ့သို့သော တရုတ်ရိုးရာ ပွဲတော်များကိုလည်း ဘုံကျောင်းများတွင် ကျင်းပလေ့ရှိသည်။ ဘုံကျောင်းများသည်လည်း မြန်မာရှိ တရုတ်များ စုဝေးရာ၊ မိမိတို့၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများအား ထိန်းသိမ်းရာ နေရာ ဖြစ်သည်။ ပန်းသေးများမှာမူ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။
အမည်
မြန်မာရှိ တရုတ်အများစုသည် မြန်မာအမည်ရော တရုတ်အမည်ပါ ရှိတတ်ကြသည်။ အချို့မှာ တရုတ်အမည်နှင့် အသံထွက် ဆင်တူသည့် မြန်မာအမည် မည့်တတ်ကြသည်။ ဥပမာ မြန်မာအမည် 'ခင်အောင်'ဟု ခေါ်သည့် တရုတ်တစ်ဦး၏ တရုတ်အမည်မှာ 慶豐 (ချင့်ဖုန်း) ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤကဲ့သို့ တရုတ် မြန်မာ ခပ်ဆင်ဆင် အမည် မမည့်သည့် တရုတ်လည်း အများအပြား ရှိသည်။
တရုတ်တို့၏ ဓလေ့အရ မျိုးဆက်သစ်များအား ကင်မွန်းတပ်ရာတွင် မျိုးရိုးအမည်ကို ပထမဆုံး စာလုံးအဖြစ် ပေးလေ့ရှိသည်။ ရန်ကုန်မြို့ရှိ ဘုံကျောင်းတာဝန်ခံတစ်ဦး၏ အဆိုအရ ရန်ကုန်တွင် အတွေ့များသည့် မျိုးရိုးအမည်များမှာ အောက်ပါအတိုင်းဖြစ်သည်။
လီ (李)
ဖုန် (彭)
ရှီ (時)
တုန် (董)
မင် (閔)
နျို (牛)
ပျဲန်း (邊)
ရှင်း (辛)
ကွမ်း (關)
ရွှီ (徐)
ပညာရေး
မြန်မာရှိ တရုတ်များ ပညာရေးအား အလေးထားပုံကို ဆေးပညာ၊ အင်ဂျင်နီယာနှင့် ပါရဂူဘွဲ့ရသူ လူတန်းစားတွင် တရုတ်တို့၏ အချိုးအဆ များပြားသည့် အချက်မှ တွေ့ရှိနိုင်သည်။ အကယ်၍ မြန်မာနိုင်ငံ၏ နိုင်ငံသားစိစစ်ရေးကဒ် (တိုင်းရင်းသား မှတ်ပုံတင်ကဒ်) မရှိသူ အက်ဖ်အာစီကဒ် ကိုင်ဆောင်သူ တရုတ်များ တက္ကသိုလ်တွင် ဆေး၊ အင်ဂျင်နီယာကဲ့သို့ အသက်မွေးဝမ်းကျောင်း လိုင်းမတက်ရဟု ကာလကြာမြင့်စွာ ပိတ်ပင်ထားခြင်း မရှိလျှင် အဆင့်မြင့် ပညာအရည်အချင်းဘွဲ့များ ရရှိသူ တရုတ်ဦးရေ အခုထက် ပိုမိုများပြားနိုင်ခြေ ရှိသည်။ ယနေ့တွင် ပြည်တွင်း ကန့်သတ်ချက်များကြောင့် ငွေကြေးတတ်နိုင်သည့် တရုတ်လူမျိုး မိဘများသည် မိမိတို့၏ သားသမီးများအား ထိုင်း၊ မလေး၊ စင်္ကာပူ သို့မဟုတ် အမေရိက စသည့် နိုင်ငံခြားတိုင်းပြည်များသို့ ပို့ဆောင်ကာ တက္ကသိုလ် ပညာကို ဆက်လက် ဆည်းပူးစေသည်။
သမိုင်း
သမိုင်းမှတ်တမ်းများအရ တရုတ်လူမျိုးများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သည့် အစောဆုံးကာလမှာ တရုတ် ဆုန့်မင်းဆက် (အေဒီ ၉၆၀ မှ ၁၂၇၉)၊ ပုဂံခေတ်ကာလ ဝန်းကျင်တွင် ဖြစ်သည်။ ၁၈ ရာစုနှစ်ပိုင်းတွင် မင်မင်းဆက်မှ သမီးတော်တစ်ဦးသည် လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကိုးကန့်ဒေသတွင် အခြေချခဲ့သည်။ တရုတ်ကုန်သည်များမှာမူ ဧရာဝတီမြစ်ဝှမ်းရှိ ဗန်းမော်မြို့အထိ သွားရောက် ကူးသန်းရောင်းဝယ်ကြသည်။ ထိုစဉ်က မြို့တော် အမရပူရမြို့တွင် အခြေချ နေထိုင်လာကြသည်။ ၁၈၅၉ ခုနှစ် မင်းတုန်းမင်းက မြို့တော်ကို အမရပူရမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့ချိန်တွင် တရုတ်ရပ်ကွက်သာလျှင် အမရပူရတွင်ပင် နေရစ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
၎င်းတို့၏ နောက်လာနောက်သားများသည် ဒေသခံများနှင့် စုလျားရစ်ပတ်ကြကာ အမရပူရမြို့ခံ ဖြစ်လာတော့သည်။ မြန်မာနိုင်ငံသို့ အလုံးအရင်းလိုက် ပြောင်းရွှေ့သည့် တရုတ်လူမျိုး နောက်တစ်သုတ်မှာ ၁၈၀၀ ပြည့်နှစ် နောက်ပိုင်း ဗြိတိသျှ ကိုလိုနီခေတ်တွင် ဖြစ်သည်။ ဗြိတိသျှ ကိုလိုနီအစိုးရက တရုတ်နှင့် အိန္ဒိယနိုင်ငံသားများ မြန်မာသို့ ပြောင်းရွှေ့ နေထိုင်ရေးကို အားပေးသည်။ ထို့အပြင် ကြီးပွားချမ်းနိုင်သည့် အခွင့်အလမ်းများလည်း ရှိသောကြောင့် တရုတ်လူမျိုး အမြောက်အမြား မြန်မာပြည်သို့ ရောက်လာကြသည်။ တချို့မှာ မလေးရှားနိုင်ငံမှ တစ်ဆင့် ရောက်လာကြသည်။
ထို့နောက်တွင် အမြတ်အစွန်းများသည့် ဆန်စပါးနှင့် ကျောက်မျက် ရောင်းဝယ်ရေး လုပ်ငန်းများတွင် တရုတ်တို့ ဝင်ရောက်လာသည်။ နောက်ပိုင်းတွင် ကုန်သည်ကြီးများ ဖြစ်လာသည့် အပြင် လက်လီ၊ လက္ကား လုပ်ငန်းရှင်းကြီးများ ဖြစ်လာကြသည်။ ၎င်းတို့၏ အောင်မြင်ပုံကို ငွေကို တရုတ်လိုရှာ၊ ကုလားလိုစု၊ ဗမာလို မဖြုန်းနဲ့ ဟူသည့် အဆိုတွင် ထင်ဟပ်ပြသ နေသည်။ မြန်မာပြည်ရောက် တရုတ်များသည် ဒေသခံများနှင့် ဆက်ဆံရေး ကောင်းမွန်သည်ကိုလည်း တရုတ်တို့အား မြန်မာတို့၏အခေါ် ပေါက်ဖော် ဆိုသည့် ဝေါဟာရမှ သိရှိနိုင်သည်။
၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်တို့က ကွန်မင်တန်ပါတီနှင့် တိုက်ခိုက်သည့် ပြည်တွင်းစစ်ပွဲကို အနိုင်ရကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်စဉ် မြန်မာနိုင်ငံသည် တရုတ်ကွန်မြူနစ်အား ပထမဦးဆုံး အသိအမှတ်ပြုသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သို့သော်လည်း ထိုစဉ်က မြန်မာအစိုးရသည် မြန်မာပြည်တွင်းရှိ တရုတ်များအား နိုင်ငံခြားသားများ အဖြစ် ဆက်ဆံခဲ့သည်။ မြန်မာပြည်ရှိ တရုတ်လူမျိုးများအား နိုင်ငံခြားသားကတ်(FRCကတ်) များ ထုတ်ပေးပြီး တရုတ်နိုင်ငံသားဟု သတ်မှတ်ကာ အခွင့်အရေး အမျိုးမျိုးကို ကန့်သတ် ထားသည်။ မြန်မာပြည်ရောက် ကုလား (အိန္ဒိယနိုင်ငံသား) များကိုလည်း အလားတူပင် ပြု မူ ဆက်ဆံခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အကြီးအကဲ ဖြစ်လာသည်။ သူကိုယ်၌က တရုတ်သွေးစပ်သည့် ကပြား ဖြစ်သော်လည်း မြန်မာပြည်တွင်း၌ တရုတ်စာ သင်ကြားမှုကို ပိတ်ပင်ခဲ့သည်။ တရုတ်များ မြန်မာပြည်မှ ထွက်ခွာသွားရန် နည်းအမျိုးအမျိုးဖြင့် ကြံစီခဲ့သည်။ ထိုစဉ်အခါက ဖြစ်ပွားခဲ့သည့် တရုတ် - ဗမာ လူမျိုးရေး အဓိကရုဏ်းကို နေဝင်းအစိုးရက ကန့်လန့်ကာနောက်ကွယ်မှ အားပေးအားမြောက်ပြုသည်ဟု အများက ယုံကြည်ထားကြသည်။တရုတ်ကွန်မြူနစ်ပါတီက ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးထောက်ပံ့ကြောင့် တန်ပြန်ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။ ပြည်သူလူထုမှာ လူသုံးကုန်ပစ္စည်းရှားပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်း စသည့် ပြဿနာများမှ လူမျိုးရေး အဓိကရုဏ်းဘက်သို့ အာရုံပြောင်းသွားကြသည်။
ဗိုလ်ချုပ်နေဝင်းက မြန်မာပြည်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး အရပ်သားပိုင် ပစ္စည်းဥစ္စာများနှင့် လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည်။ တရုတ်ကျောင်းများအပါအဝင် ကျောင်းအားလုံး ပြည်သူပိုင် အသိမ်းခံရသည်။ တရုတ်ပိုင် လုပ်ငန်းများ အသိမ်းခံရပြီးနောက် တရုတ်လူမျိုး ၁ သိန်းခန့်သည် မြန်မာပြည်ကို စွန့်ခွာကာ အခြားတိုင်းပြည်များသို့ ရွှေ့ပြောင်း သွားကြသည်။ ဗိုလ်ချုပ်နေဝင်းလက်ထက်တွင် ဤကဲ့သို့ ခွဲခြားဆက်ဆံမှုများအပြင် စီးပွားရေး ချွတ်ခြုံကျလာသောကြောင့် တရုတ်အတော်များများသည့် တိုင်းတစ်ပါးသို့ ပြောင်းရွှေ့ကုန်ကြသည်။
ယနေ့ မြန်မာပြည်တွင် ကျန်ရစ်နေသည့် တရုတ်များသည် အများအားဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူး စသည့် မြို့ကြီးများနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကြသည်။ Global Witness ၏ စာရင်းအရ မန္တလေးမြို့လူဦးရေ၏ ၃၀ % ခန့်မှာ တရုတ်လူမျိုးများ ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံမှာ ထင်ရှားခဲ့တဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးများမှာ
( ဝီကီပီဒီယာမှာ ဖော်ပြချက်)
နိုင်ငံရေးနှင့် အစိုးရ
--------------------------
● နေဝင်း (ခ) ရှုမောင် (ဟတ်ကား) နိုင်ငံ့ခေါင်းဆောင် ၊ ၁၉၆၂-၁၉၈၈
● အောင်ကြီး (ဟုတ်ကင်) စစ်ရေးခေါင်းဆောင်၊ နေဝင်း၏ လက်ထောက်ဟောင်း၊ ၆၂ စစ်အာဏာသိမ်းခေါင်းဆောင်တဦး
● စန်းယု (ဟတ်ကား) နိုင်ငံတော်သမတ ( ၁၉၈၁-၁၉၈၈ )
● ခင်ညွန့် (ဟတ်ကား) ဝန်ကြီးချုပ် (၂၀၀၃-၂၀၀၄)၊ ထောက်လှန်းရေးအကြီးအကဲ (၁၉၈၃-၂၀၀၄)
● ကက်စိန် ၊ ကျန်းမာရေးဝန်ကြီးဟောင်း
● ကျော်မြင့် ၊ ကျန်းမာရေးဝန်ကြီး
● ဖုန်ကြားရှင် (ယူနန်)၊ ကိုးကန့်အထူးဒေသခေါင်းဆောင်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ခေါင်းဆောင်
● ကျော်ဘ (ယူနန်) ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဟောင်း
စီးပွားရေး
---------------
● အော်ဘွန်းဟော် (ဟတ်ကား) ကျားဘမ်းပုရုပ်ဆီ တီတွင်သူ
● အော်ဘွန်းပါး (ဟတ်ကား) အော်ဘွန်းဟော့၏ ညီ
● ကျော်မြင့်၊ မြန်မာမေဖလားဝါးဘဏ် တည်ထောင်သူ
● ပီတာချူး (ခ) ဝင်းသန်း (ခ) ကျိုးယုံမင် (ယူနန်)၊ HTC ဖုန်းကုမ္ပဏီရဲ့ CEO ဥက္ကဋ္ဌ
● ဇွန်ဟောင် (ဟတ်ကား) ပရဟိတနှင့်ပညာပေး
● ထွန်းမြင့်နိုင် (ကိုးကန့်), စီးပွားရေးသူဌေးကြီး
● ကျော်ဝင်း ..Sky Net & ရွှေသံလွင်ကုမ္ပဏီ
အခြားသူများ
----------------
● အက်ဒွပ်မိုက်ကယ် လောရုံ ၊ မြန်မာသတင်းစာဆရာ၊ သည်နေးရှင်း သတင်းစာတိုက် တည်ထောင်သူ
● ခွန်ဆာ (ကိုးကန့်)၊ အရှေ့တောင်အာရှမူးယစ်ဘုရင်
● လော်စစ်ဟန် (ကိုးကန့်)၊ အရှေ့တောင်အာရှမူးယစ်ဘုရင်
● ငွေကိုင် ၊ အလင်္ကာကျော်စွာဘွဲ့ရ ပန်းချီဆရာကြီး
● တော်စိန်ခို (ဟုတ်ကင်) ရှေးဟောင်းသုတေသနဌာန၏ ထင်ရှားသော ညွန်ကြားရေးမှူးချုပ် (၁၉၀၁-၁၉၁၅)
● မိုးစက်ဝိုင် (ခ) ရန်ရှင်းရုံ (ယူနန်)၊ Miss Universe မြန်မာ ၂၀၁၃
● သော်ကောင်း, မြန်မာသမိုင်းပညာရှင်
ယနေ့ခေတ် အချိန်အခါတွင်မူ ပြည်မ တရုတ်နိုင်ငံနှင့် အဆင်မပြေမှုများကြောင့် တရုတ်ဆိုသည်နှင့် ပြည်မက တရုတ်လူမျိုးများနှင့် တွဲမမြင့်သင့်ပေ။ မြန်မာနိုင်ငံ၌ နေထိုင်သော တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပေရာ လူမျိုးနှင့် နိုင်ငံသား ဖြစ်တည်မှုမှာ မတူညီပေ။ လူမျိုးနှင့် နိုင်ငံသား ကွဲပြားမြင်သင့်ပေသည်။ စင်္ကာပူ၌ နေထိုင်သော တရုတ်များသည်လည်း စင်္ကာနိုင်ငံအတွက်သာ ကြိုးစားကြပေသည်။ ကမ္ဘာ့နံပါတ် ၁ ကြက်တောင်ကစားသမား လီချူံဝေ သည်လည်း မလေးရှားနိုင်ငံသား တရုတ်လူမျိုးပင် ဖြစ်ပေသည်။ နိုင်ငံရပ်ခြားမှ တရုတ်လူမျိုးများသည်လည်း သူ့နည်သူဟန်ဖြင့် နိုင်ငံသားအဖြစ် ခံယူထားသော နိုင်ငံများကို အကျိုးပြုလျက် ရှိပေရာ တရုတ်ချင်းတူသော်လည်း ခံယူထားသော နိုင်ငံသားချင်း မတူညီပေ။ ထို့ကြောင့် မြန်မာနိုင်ငံ၌ နေထိုင်သော တရုတ်လူမျိုးတို့တွင် ကောင်းသောသူလည်း ရှိလိမ့်မည် ဆိုးသောသူလည်း ရှိလိမ့်မည်။ သို့သော် တစ်ဦးတစ်ယောက်ချင်း၏ ဗီဇလက္ခာသည် တမျိုးသားလုံးကို ကိုယ်စားမပြုသည်ကို ဂရုပြုသင့်ပေသည်။ မြန်မာပြည်ဖွား တရုတ်လူမျိုးတိုင်းသည်လည်း မြန်မာနိုင်ငံကို ချစ်မြတ်နိုးတတ်ကြသည်။ မြန်မာဘောလုံးအသင်း ရှုံးလျှင်လည်း ဝမ်းနည်းတတ်ကြသည်။ နိုင်လည်း ဝမ်းသာတတ်ကြသည်။ မြန်မာမကောင်းကြောင်း ပြောလျှင်လည်း ချေပတတ်ကြသည်။ ဤသည်ကား မျိုးချစ်စိတ်ဓာတ်ထက် အမြင်ကျယ်သော နိုင်ငံချစ်စိတ်ဓာတ်ပင် ဖြစ်ပေသည်။ သစုန့်ခေတ် စစ်သူကြီး ယွဲဖေးပြောခဲ့သည့် စကားအတိုင်း 盡忠報國 နိုင်ငံတော်အပေါ် သစ္စာရှိစွာ အလုပ်အကျွေး ပြုရပေမည်။
အမျိုးသားနေ့ နှင့် ဖြစ်ပေါ်လာပုံ
အမျိုးသားနေ့ နှင့် ဖြစ်ပေါ်လာပုံ
_____________________
နယ်ချဲ့ ဗြိတိသျှ အင်္ဂလိပ် ကို
စတင်တော်လှန်ခဲ့သော
အမျိုးသားအောင်ပွဲ နှစ် ( ၉၇ ) ပြည့် နှစ်ပတ်လည်နေ့……………
13 . 11 .2017
ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခု
တန်ဆောင်မုန်း လပြည့်ကျော်(၁၀) ရက်တွင်
ကျရောက်သော………………
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏
( ၉၇ )နှစ်မြောက် "အမျိုးသားနေ့" ကိုလှိုက်လှိုက်လှဲလှဲဂုဏ်ပြု ကြိုဆိုပါသည်။
"အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ"
ဝံသာနုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော
ဂျီစီဘီအေက ကြီးမှူး၍ ဝံသာနုလှုပ်ရှားမှု အနေနှင့် အမျိုးသားနေ့ သတ်မှတ်ရန် စတင် ကြိုးစားရာမှ အမျိုးသားနေ့ ပေါ်လာရသည်။
၁၉၂၁-ခု မန္တလေး၌ ကျင်းပသော
နဝမအကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်က အမျိုးသားနေ့ သတ်မှတ်ရေး စတင်ဆွေးနွေးခဲ့သည်။
ထို့နောက် ၁၉၂၂ ခုနှစ်၊
ဇွန်လ ၁၇ - ၁၈ တွင် ရန်ကုန်မြို့
ဂျူဗလီဟော၌ ကျင်းပေသော ဂျီစီဘီအေ အထူးကွန်ဖရင့်က ………
၁၉၂၀ ပြည့်၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော
တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့ဟု သတ်မှတ်ကြောင်း
ဆုံးဖြတ်၍ အတည်ပြု ပေးခဲ့သည်။
ထိုနေ့သည် အုပ်ချုပ်သူ နယ်ချဲ့
အင်္ဂလိပ်အစိုးရကို ထိထိရောက်ရောက် တော်လှန်သောနေ့၊
ရန်ကုန်တက္ကသိုလ်ဥပဒေကို
ကန့်ကွက်သည့် အနေဖြင့် ကျောင်းသားများ သပိတ်မှောက်သည့်နေ့၊
အမျိုးသား တော်လှန်ရေး စတင်သည့်နေ့ ဖြစ်ခြင်းတို့ကြောင့် အမျိုးသားနေ့အဖြစ် တညီတညွတ်တည်း ဆုံးဖြတ် အတည်ပြု
ခဲ့ကြခြင်း ဖြစ်သည်။
ထိုနေ့သည် အင်္ဂလိပ် နယ်ချဲ့အစိုးရ အပေါ် အောင်ပွဲခံသောနေ့ ဖြစ်၍ အမျိုးသားအောင်ပွဲနေ့ ဟုလည်း ခေါ်ကြသေးသည်။
ရက်သတ်မှတ်ရာတွင်ပင်
အမျိုးသားနေ့၏ အဓိပ္ပာယ် ပြည့်စုံ
ပေါ်လွင် ပီပြင်စေရန် တက္ကသိုလ်ဥပဒေ ကို သပိတ်မှောက်သော အင်္ဂလိပ်ရက် ဖြစ်သည့်
ဒီဇင်ဘာ ၅ ရက်ဟု မသတ်မှတ်ဘဲ မြန်မာရက်
ဖြစ်သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ဟု တမင် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ သမိုင်းထဲက အမျိုးသားနေ့
******************************
၁၈၈၅ ခုနှစ်​တွင်​မြန်​မာတစ်နိုင်​ငံလုံး
အင်္ဂလိပ်​လက်​​အောက်​ကျ​ရောက်​ခဲ့ပြီး​နောက်
ဗိုလ်လ်​မင်း​ရောင်​၊ဗိုလ်​ချို၊ ဦး​အောင်​မြတ်​၊
ဗိုလ်​ဆွန်​ပက်​စသည့်​ မျိုးချစ်​များ
က​ တော်​လှန်​ခဲ့ကြ​သော်​လည်း
တကွဲတပြားနှင့်​စည်းလုံးမှုမရှိခြင်း၊
ခိုင်​မာ​သောသ​ဘောတရားမရှိခြင်း၊
ပြည်​သူများ ပ​ဒေသရာဇ်​စနစ်​​အောက်​​နေခဲ့ရ၍
နိုင်​ငံ​ရေးနိုးကြားမှု အားနည်းခြင်း၊
ခေတ်​မီလက်​နက်​များမရှိခြင်းတို့​ကြောင့်​​တိုင်းပြည် သူ့ကျွန်ဘဝသို့ရောက်ရှိချေမှုန်းခံလိုက်​ရသည်​။
ဆရာ​တော်​ဦးဥတ္တမကဲ့သို့…………
နိုင်​ငံတကာသို့​ရောက်​ဘူးပြီး အိန္ဒိယ၊
ဂျပန်​စသည့်​နိုင်​ငံများ၏ နိုင်​ငံ​ရေးဖြစ်​​ပေါ်
တိုးတက်​မှုများကိုသိရှိနားလည်​ပြီး
မြန်​မာပြည်​သူများကိုနိုင်​ငံ​ရေးမျက်​​စေ့ဖွင့်​​ပေးနိုင်​ခြင်း။ ဘာသာ​ရေးအသင်းအဖွဲ့အဖြစ်​ဖွဲစည်းခဲ့သည့်
`` ဝိုင်​အမ်​ဘီ​အေ ´´အသင်း မျိုးကလည်း
ရွှေတိဂုံဘုရား​ပေါ်မျက်​နာဖြူနိုင်​ငံခြားသားများဖိနပ်​စီးတက်​​ရောက်​မှုကိုဝိုင်းဝန်းကန့်​ကွက်​ရာမှ
အောင်​မြင်​မှုရခဲ့ခြင်း။
GCBA ကဲ့သို့နိုင်​ငံ​ရေးအသင်းကြီး​ပေါ်​ပေါက်​လာခြင်း။
စသည့်​အ​ကြောင်းများ​ကြောင့်​နိုင်​ငံ​ရေးအသိအမြင်​နိုးကြားလာသည်​။
၁၉၂၀ ပြည့်​နှစ်​ ဒီဇင်​ဘာ ၅ရက်​​နေ့၊
မြန်​မာသက္ကရာဇ်​ ၁၂၈၂ခုနှစ်​ တန်​​ဆောင်​မုန်း
လဆုတ်​ ၁၀ ရက်​​နေ့တွင်​ ရန်​ကုန်​​ကောလိပ်​နှင့်
ဂျပ်​ဆင်​​ကောလိပ်​​ကျောင်းသားများသည်
ရန်​ကုန်​တက္ကသိုလ်​အက်​ဥပ​ဒေကိုကန့်​ကွက်
သပိတ်​​မှောက်​ခဲ့ကြသည်​။
ထိုသပိတ်​သည်​ ဗြိတိသျှတို့က
မြန်​မာနိုင်​ငံအားမတရား သိမ်းပိုက်​ပြီး​နောက်
လွတ်​လပ်​​ရေးအတွက်​အမျိုးသား​တော်​လှန်​​ရေးကြီးကိုစတင်​လိုက်​ခြင်းပင်​ဖြစ်​သည်​။
ထို​ကျောင်းသားသပိတ်​သည်
တနိုင်​ငံလုံးသို့ တမဟုတ်​ချင်းပျံ့ နှံ့  သွားသည်​။
ထိုအပြင်​ထိုသပိတ်​ကိုအ​ခြေခံပြီး
မျိုးချစ်​စိတ်​ဓာတ်​များနိုးကြားလာ၍
တိုင်းရင်းသားစည်းလုံး
ညီညွတ်​မှုကို ရယူတည်​​ဆောက်​ခါ
လွတ်​လပ်​​ရေး တိုက်​ပွဲကိုလည်း
အောင်​မြင်​​အောင်​ဆင်​နွှဲနိုင်​ခဲ့သည်​။
နယ်​ချဲ့ အင်္ဂလိပ်​သည်​မိမိတို့ ၏
ကိုလိုနီနိုင်​ငံများကိုနှစ်​​ပေါင်း
ရှည်​ကြာကျွန်​ပြုနိုင်​ရန်​အတွက်
ပြည်​သူများအား အင်္ဂလိပ်​တို့ ၏
အုပ်​ချုပ်​​ရေးကိုအကျိုးပြု​​စေမည့်
ပညာ​ရေးကိုသာသင်​ကြား​စေ၏။
လူတိုင်းတက္ကသိုလ်​မတက်​နိင်​​အောင်
ဥပ​ဒေဖြင့့်ကန့်​သတ်​ထား၏။
ပညာ​ရေးအဆင့်​ကိုနိမ့်​ပါး​အောင်​လုပ်​ထား၏ ။
၁၉၂၀ ဇွန်​လတွင်​ရန်​ကုန်​တက္ကသိုလ်
အက်​ဥပ​ဒေကြမ်းကို ထုတ်​ပြန်​​ကြေညာခဲ့သည်​။
ထိုဥပ​ဒေတွင်​အဓိကအချက်​ ၆ ချက်​ပါသည်​။
ထိုအချက်​အားလုံးသည်​မြန်​မာ​ကျောင်းသားများကို
ကန့်​သတ်​ချုပ်​ချယ်​ပြီးအဆင့်​အတန်း
ခွဲထားသည်​။
ထိုဥပ​ဒေသည်​​ငွေ​ကြေးတတ်​နိုင်​သူ
လူနည်းစုကိုသာ တက္ကသိုလ်​ပညာ
သင်​ကြားခွင့်​ရ​စေပြီး ပညာထူးချွန်​​သော်​လည်း
ငွေ​ကြေးမတတ်​နိုင်​သူ​ အောက်​ ​ခြေ လူ တန်း စား
များကိုပညာဆက်​သင်​ခွင့်​မရ​အောင်
ချုပ်​ချယ်​ထားခြင်းဖြစ်​သည်​။
ထိုဥပ​ဒေမူကြမ်းကို​ကျောင်းသားများက
အပြင်းအထန်​ကန့့်​ကွက်​​သော်​လည်း
ဘုရင်​ခံ ဆာရယ်​ဂျီနယ်​ကရက်​​ဒေါက်​ က
မြန်​မာများသည်​ပညာ​ရေးအ​ကြောင်း
နားမလည်​ဟုဆိုပြီး ……………
၁၉၂၀ ဒီဇင်​ဘာ၂ ရက်​​နေ့တွင်​ အက်​ဥပ​ဒေကို
အတည်​ပြု​ကြောင်း​ကြေညာခဲ့သည်​။
ထို​ကြောင့်​​ကောလိပ်​​ကျောင်းသားများသည်
ထိုနှစ်​ဒီဇင်​ဘာ ၂ရက်​​နေ့တွင်​ ​ရွှေတိဂုံရင်​ပြင်​၌
တိုင်​ပင်​​ဆွေး​နွေးကြပြီး သပိတ်​​မှောက်​ကြရန်
ဆုံးဖြတ်​ခဲ့ကြသည်​။
ဒီဇင်​ဘာ ၄ရက်​​နေ့တွင်​ 
ရွှေတိဂုံ​ခြေရင်း​ရွှေကျင်​​ကျောင်းတိုက်
ဆရာ​တော်​ ဦးအရိယ​ကျောင်း၌
အစည်းအ​ဝေးပွဲကြီးပြုလုပ်​ပြီး ……………
ဒီဇင်​ဘာ ၅ ရက်​​နေ့(တန်​​ဆောင်​မုန်းလဆုတ်​ ၁၀ ရက်​)​ကျောင်းသားများ စတင်သပိတ်​​ မှောက်​ခဲ့ကြသည်​။ 
ကျောင်းသားတို့၏ဥပ​ဒေပါအချက်​များကို
ကန့်​ကွက်​သည့်​​ကြေညာချက်​ကို
ဘုရင်​ခံထံ​ပေးပို့ခဲ့သည်​။
ဘုရင်​ခံကအ​ကြောင်းပြန်​ကြားခြင်း
မပြုသည့်​အတွက်​ သပိတ်​ဆက်​​မှောက်​ခဲ့သည်​။တက္ကသိုလ်​သို့ဆက်​လက်​ မတက်​​ရောက်​​တော့ပဲ
GCBA ဂျီစီဘီ​အေ​ခေါင်း​ဆောင်​များနှင့်​ တိုင်​ပင်​၍ အမျိုးသား​ကျောင်းများတည်​​ထောင်​ကြသည်​။
ဗဟန်းမြို့နယ်​​ရွှေကျင်​​ကျောင်းတိုက်​ကြီးတွင်
အမျိုးသား​ကောလိပ်​ကိုဖွင့်​လှစ်​ခဲ့သည်။
ပြင်​ပပညာရှင်​ ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း၊
ဒီးဒုတ်​ဦးဘချိုတို့က​စေတနာ့ဝန်​ထမ်း
သင်​ကြား​ပေးသည်​။
ထိုစဉ်​က တက္ကသိုလ်​သပိတ်​ကို
တစ်​နိုင်​ငံလုံးက​ထောက်​ခံခဲ့ကြသည်​။
အထက်​တန်း​ကျောင်းများက
လည်း​ထောက်​ခံသည့်​အ​နေဖြင့်
သပိတ်​​မှောက်​ကြသည်​။
ဤသပိတ်​မှတဆင့်​မြန်​မာတနိုင်​ငံလုံးတွင်
အမျိုးသား​ကျောင်းများ​ ပေါ်ထွန်းလာသည်​။အမျိုးသားပညာ​ရေး​ကောင်​စီကိုလည်း
ဖွဲ့စည်းနိုင်​ခဲ့သည်​။
ဤသပိတ်​​ကြောင့်​……………
ပြည်​သူလူထုအတွင်းနယ်​ချဲ့ ဆန့်​ကျင်​​ရေး၊
အမျိုးသား​ရေးစိတ်​ဓာတ်​များတဟုန်​ထိုး
ပေါ်​ပေါက်​လာခဲ့သည်​။
ထိုနေ့ကို အမျိုးသား​နေ့ဟုသတ်​မှတ်​ခဲ့ပုံကား
၁၉၂၁ ​အောက်​တိုဘာတွင်
အမျိုးသား​ပေါင်းချုပ်​အသင်း
GCBA ကွန်​ဖရင့်ကို
မန္တလေးမြို့၌ကျင်းပသည်။
မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ
ကိုယ်စားလှယ်များတက်ရောက်ကြ၍
အနာဂတ်အတွက်ဆွေးနွေးခဲ့ကြသည်။
သူရိယသတင်းစာမှ ဦးတုတ်ကြီးက
သီပေါမင်းပါတော်မူသည့်နေ့
ပျဉ်းမနား ဦးဒွေးက ဆရာတော်ဦးဥတ္တမ
ထောင်ကျသောနေ့
တက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်
ဦးမြင့်က ၁၉၂၀ခုနှစ် ကျောင်းသားသပိတ်
ကြီးသာလျှင်တမျိုးသားလုံးစည်းလုံးမှု
ဇာတိမာန်ကိုဖြစ်တည်စေခဲ့သည်။
အရှုံးပြယုဂ်မဟုတ် အနိုင်သာဖြစ်သည်။
ဦးမြင့်၏အဆိုကိုအားလုံးကသဘော
တူ အတည်ပြုခဲ့သဖြင့် ကျောင်းသာများ
သပိတ်မှောက်ခဲ့သော ၁၂၈၂ခုနှစ်တန်
ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်
နေ့ကိုအမျိုးသားနေ့ဟုသတ်မှတ်ခဲ့
လေသည်။
(1940)ခုနှစ်တွင်မှ အစိုးရက အမျိုးသား
နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်
မှတ်ပေးခဲ့သည်။
(13.11.2017) နေ့သည်
မြန်မာ့သမိုင်းတွင် မော်ကွင်းမှတ်တိုင်
တစ်ခုဖြစ်သည့်(၉၇) နှစ်မြောက်
အမျိုးသားနေ့ပင်ဖြစ်သည်။
မြန်မာတစ်မျိုးသားလုံးဂုဏ်ယူရမည့်
နေ့ထူးနေမြတ်ဖြစ်သလိုနှစ်စဉ်နှစ်တိုင်း
လည်းအမျိုးသားနေ့အောင်ပွဲများကို
ကျင်းပလာခဲ့သည်မှာယနေ့ထိတိုင်ဖြစ်သည်။
ဤသို့ဖြင့် အမျိုးသားရေး
လက္ခဏာများပို၍ ပေါ်လွင်ထင်ရှားစေခဲ့သည့် အမျိုးသားနေ့ကို အစဉ်မမေ့အပ်ပေ……………
ခရက်​ဒစ်​ - မူရင်း
ပြန်လည်မျှဝေပါသည်
လေးစားလျှက်
ကျေနပ်​မိတယ်
ကိုယ်​လူတ​ယောက်​ကို ဘာ​ကြောင့်​မုန်းတယ်​ဆိုတာကို သိရလို့ ကိုယ်​ကို မမုန်း​အောင်​ ​ရှောင်​တက်​လာတယ်
ကိုယ်​ စိတ်​ညစ်​တဲ့​ဝေဒနာခံစားဖူးလို့ ဘယ်​သူ့ကိုမှ စိတ်​ညစ်​မ​စေချင်​ဘူး
ဒါဟာတကယ်​မှန်​​သောစကားပါ