Sunday, December 31, 2017

ဖတ်ဖြစ်အောင်ဖတ်ပါ

-------------------------

လူသိနဲသော သိသင့်တာလေးများ

=========================

ဒါလေးတွေကတော့ အင်တာနက်ပေါ်ကနေ ဖတ်မိတာလေးတွေပါ။ ဘယ်သူစုဆောင်းထားတာလဲ ဆိုတာ သေချာတော့ မသိပါဘူး...။ အားလုံးသိစေဖို့ ပြန်ရှယ်လိုက်ပါတယ်။ မိတ်ဆွေလည်း ဖတ်ကြည့်လို့ကောင်းရင် ပြန်ရှယ်ဖို့ မမေ့ပါနဲ့။


၁) သင့်ရဲ့ဖိနပ်တွေဟာ လူတွေကသင့်ကို မသိလိုက်မသိဘာသာ သတိပြုမိစေမယ့် ပထမဆုံးအရာတွေဖြစ်ပါတယ်... ဒါကြောင့် သင့်တင့်ကောင်းမွန်တဲ့ ဖိနပ်ကိုဝတ်ဆင်ဖို့လိုပါတယ်...


၂) အကယ်လို့ သင်က တစ်နေ့ကို ၁၁ နာရီထက်ပိုထိုင်နေရမယ်ဆိုရင် နောက် ၃ နှစ်အတွင်း အသက်သေဆုံးဖို့ ၅၀% ရှိပါတယ်....


၃) ဒီကမ္ဘာပေါ်မှာ သင်နဲ့ရုပ်ချင်းတူတဲ့သူ အနည်းဆုံး ၆ ယောက်လောက်ရှိနေပါတယ်... သင့်ဘဝတစ်လျှောက်လုံးမှာ သူတို့ထဲက တစ်ယောက်နဲ့ဆုံစည်းဖို့ ၉% အခွင့်အရေးရှိပါတယ်...


၎) ခေါင်းအုံးမပါဘဲ အိပ်တာဟာ နောက်ကျောနာကျင်မှုဝေဒနာကို သက်သာစေပြီး သင့်ကျောရိုးကိုလည်း ပိုပြီး သန်မာစေပါတယ်...


၅) လူ့ဦးနှောက်က သတိမပြုဘဲ မနေနိုင်တဲ့အရာသုံးမျိုးရှိတယ်... အဲ့ဒါတွေကတော့ အစားအစာ... ဆွဲဆောင်မှုရှိတဲ့သူတွေနဲ့ ဘေးအန္တရာယ်တို့ပဲဖြစ်တယ်...


၆) ညာသန်တွေဟာ အစားအစာကို ညာဘက်မှာ ဝါးတာများတယ်....


၇) လက်ဘက်ခြောက်ကိုအိတ်နဲ့ထည့်ပြီး အနံ့ဆိုးတဲ့နေရာတွေမှာထားရင် အဲ့ဒီအနံ့ဆိုးတွေကို လက်ဘက်ခြောက်က စုပ်ယူသွားလိမ့်မယ်...


၈) အိုင်းစတိုင်းရဲ့အဆိုအရ ပျားရည်ထုတ်ယူနိုင်တဲ့ ပျားမျိုးတွေ ဒီကမ္ဘာမြေပြင်ပေါ်က ပျောက်ကွယ်သွားမယ်ဆိုရင် လူသားတွေလည်း ၄ နှစ်အတွင်း သေဆုံးသွားကြလိမ့်မယ်...


၉) ပန်းသီးမျိုးကွဲပေါင်းအများအပြားရှိတယ်... တစ်နေ့ကိုတစ်မျိုးစားမယ်ဆိုရင် အမျိုးအစားအားလုံးကုန်ဖို့ အနှစ် ၂၀ ကျော်ကြာလိမ့်မယ်...


၁၀) အစာမစားဘဲနေမယ်ဆိုရင် ရက်သတ္တပတ်နဲ့ချီပြီး သင်အသက်ရှင်နေနိုင်မယ်... မအိပ်ဘဲနေမယ်ဆိုရင်တော့ ၁၁ ရက်ပဲ သင်အသက်ရှင်နေနိုင်မယ်...


၁၁) အားပါးတရရယ်တဲ့သူတွေဟာ သိပ်မရယ်တဲ့သူတွေထက် ကျန်းမာရေးပိုကောင်းတယ်...


၁၂) ပျင်းရိခြင်းနဲ့ လှုပ်ရှားတက်ကြွမှုမရှိခြင်းကြောင့် သေဆုံးရသူတွေဟာ ဆေးလိပ်သောက်လို့ သေဆုံးရသူ အရေအတွက် လောက်ရှိတယ်...


၁၃) လူသားရဲ့ဦးနှောက်ရဲ့ သိုမှီးနိုင်မှုပမာဏဟာ Wikipedia ထဲမှာပါတဲ့အချက်အလက်ရဲ့ ၅ ဆရှိတယ်...


၁၄) ကျွန်တော်တို့ဦးနှောက်က အသုံးပြုတဲ့ စွမ်းအင်ဟာ ၁၀ ဝပ် မီးသီးက သုံးတဲ့စွမ်းအင်နဲ့တူတယ်....


၁၅) ကျွန်တော်တို့ ခန္ဓာကိုယ်က ထုတ်ပေးနိုင်တဲ့အပူဟာ မိနစ် ၃၀ အတွင်း ၁ လီတာခွဲရှိတဲ့ ရေကို ဆူနိုင်တဲ့အထိရှိတယ်...


၁၆) သားဥဟာ လူသားရဲ့ အကြီးဆုံးဆဲလ်ဖြစ်ပြီး သုတ်ကောင်ဟာ အသေးဆုံးဆဲလ်ဖြစ်တယ်...


၁၇) အစာချေရည်ဟာ သင်တုံးဓားသွားကို အရည်ပျော်စေနိုင်လောက်အောင်ပြင်းတယ်...


၁၈) ပြုံးပါ... အပြုံးဟာ အထိရောက်ဆုံး စိတ်ကျရောဂါကာကွယ်ဆေးဖြစ်တယ်...


ဖတ်မိလို့ကောင်းတာလေးတွေကို မျှဝေပေးတာလည်း မေတ္တာတစ်မျိုးပါ။


Crd

အသက် ၃၀ ​ - ၄၀ ပတ်ချာလည်တွေကို ချက်ချင်းဖမ်းပြီး 
ရည်းစားတော်သင့်တဲ့ အချက် ၁၃ ချက်...

၁- ဒီအရွယ်တန်းတွေဆိုတာက အနေတော်မှာ
ချလိုက်တဲ့ ကုလားပဲအိုးလိုပဲ၊ မာဆတ်ဆတ်ကြီးလည်း
ဖြစ်မနေဘူး၊ ပြဲလည်း မပြဲသလို၊ တူးလည်း မတူးဘူး၊
ပြောရရင် နူးပြီး အိနေကြပြီပေါ့၊ အဆင်သင့်ခူးခပ်စားရုံ...

၂- နောက်ပြီး ဒီအရွယ်တွေက ရည်းစားနဲ့ ဖုန်းပြောဖို့
အရေး ဖုန်းဘေလ်ပြေးစစ်ရတဲ့အထဲမှာ မပါဘူး၊ သူတို့က
အလုပ်နဲ့ အကိုင်နဲ့ အထုပ်နဲ့ အထည်နဲ့ ဖြစ်နေကြပြီ...

၃- နောက်တစ်ချက်က သူတို့ဟာ ချက်ဆို နားကွက်က
မီးဟုန်းဟုန်းတောက်နေကြပြီ၊ အရိပ်ပြရုံနဲ့တင် အကောင်
တင်မကဘဲ အသွေးရော အသားပါ ထိုးဖောက်ပြီး
ကွက်ကျော်မြင်တတ်နေကြပြီ...

၎- အရေးကြီးတဲ့တစ်ချက်က သူတို့ဟာ ဆိုးလို့ ဝနေကြပြီ၊
မလုပ်ဘူးတာမရှိ၊ မစမ်းဘူးတာမရှိ၊ မကလိဘူးတာမရှိ၊
ဒီတော့ ဒီတစ်ချီသာ ပွပေါက်တိုးလို့ကတော့ ဒီတစ်သက်
လိမ္မာပြီကွာဆိုတဲ့ အတွေးကို ရင်ဝယ်ပိုက်လာကြပြီ...

၅- နောက်တစ်ခုက ဒီအရွယ်တန်းတွေဟာ လူပါး
တော်တော်ဝနေကြပြီ၊ သူတို့က တော်ရုံတန်ရုံ ကြုံရမယ့်
လောကဓံလောက်ဆို နည်းနည်းလေးမှ မဖြုံတော့ဘူး...

၆- နောက်ပြီးသူတို့ဟာ လိုရင်းကို တိုတိုရှင်းရှင်းပဲ
လုပ်ချင်ကိုင်ချင်နေကြပြီ၊ ဝှေ့မနေတော့ဘူး၊ ဒဲ့ပဲ၊
အီစီကလီတွေ၊ မူလဂျီတွန်တီတွေကို စိတ်မဝင်စားဘူး...

၇- သူတို့ဟာ နေရာတကာမှာ ဆရာကျနေကြပြီဖြစ်လို့
သူတို့လက်ထဲကို သင့်ဘဝကြီး ဝကွက်အပ်လို့ ရနေပြီ၊
ဆိုလိုတာက မြင်ရုံနဲ့တင် အားကိုးချင်စရာကြီးတွေပေါ့...

၈- ကိုကိုခေါ်ရင် "ဗျာ"တန်းထူးတာ၊ "မောင်"ဆိုတာနဲ့
ငေါက်ကနဲ ထထိုင်တာ ဒီအရွယ်တန်းတွေပါပဲ၊ သူတို့ဟာ
ဂျစ်ကန်ကန်တွေ မဟုတ်ဘူး၊ မိုက်ကန်းကန်း မလုပ်ဘူး...

၉- သင်ဆိုးချင်တိုင်ဆိုး၊ ကောက်ချင်တိုင်းကောက်၊
ချွဲချင်တိုင်းချွဲ၊ နွဲ့ချင်တိုင်းနွဲ့တာတွေကို သည်းခံနိုင်တဲ့
နေရာမှာ သူတို့အရွယ်တွေက နိုးတူးပါပဲ၊ သူတို့ဟာ
သင်ကျင့်သမျှ (အနိုင်) ကို သွေးအေးအေးနဲ့ ရင်ဆိုင်မယ့်
အာဂတွေပါပဲ...

၁၀- သူတို့ဟာ အံတိုနေတဲ့အမျိုး၊ အရေထူနေတဲ့အစား
တွေဖြစ်လို့ စိတ်ကောက်တာတွေ၊ ချေ(ဂျီ)တိုက်တာတွေ၊
ရစ်တာတွေ၊ ချေတာတွေကို သိပ်မလုပ်ကြတော့ပါဘူး...

၁၁- နောက်ပြီး သူတို့ဟာ အတောင်စုံ၊ အလက်စုံပြီး
အလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေကြတာမို့ ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့
အိမ်တပြောင် မီးတဆောင်လောက်ကို အသာလေး
"ဟချလောင်း"ဆိုပြီး လုပ်ပြနိုင်တဲ့သူတွေဖြစ်ပါတယ်...

၁၂- ဒီအရွယ်တွေဟာ သူတို့ဘဝမှာ ချီးထုပ်ပေါင်းများစွာ
ကို ရင်ဆိုင်ကြုံတွေ့ဖြတ်ကျော်လာကြသူချည်းဖြစ်တာမို့
ဒီတစ်ခါတော့ အပိုင်ပဲကွဆိုပြီး အားခဲထားကြသူတွေပါ...

၁၃- ဆိုတော့ သူတို့အရွယ်တွေဟာ ဘောလုံးစကားနဲ့ 
ပြောရရင် အကောင်းဆုံးအချိန်ကို ရောက်နေကြသူတွေ
ဖြစ်တာမို့ သင့်အနေနဲ့ ဒီ့ထက်ပိုပြီး နောက်မကျခင် 
ခပ်မြန်မြန်လေး လက်သွက်ဖို့တော့ လိုနေကြောင်းပါ...😂😂😂

ကဲစဉ်းစားမ​နေနဲ့ ၃၀ ​ကျော်​ ကိုကို မမ ​တွေကို
ခုချက်​ချင်းဖမ်းပြီး ရည်းစား​တော်​လိုက်​​တော့ Oki

Credit......

လူငယ်တွေသီးသန့်ဖတ်စေချင်တယ်

လူငယ်တွေသီးသန့်ဖတ်စေချင်တယ် ******************************

ဒီလိုခေါင်းစဉ်တပ်လိုက်လို့ကိုယ့်ကိုလူကြီလို့မထင်စေချင်တာကတော့အမှန်......
ကိုယ်လည်းလူငယ်ထဲကလူငယ်တစ်ယောက်မို့ကြုံဘူးတဲ့အတွေ့အကြုံလေးဝေမျှပေးတာဖြစ်တယ်...ကိုယ်မသိသေးတာရှိရင်လည်းဝင်ရောက်အကြံပေးလို့ပါတယ်....
ရိုးရာပွဲထဲမှာ ပြဿနာအများဆုံးတက်တဲ့ပွဲက သင်္ကြန်ပွဲပဲ ဒါကြောင့်ခုလိုအရစ်ရှည်ပြီးတကူးတကအကြံပေးတာပါ.....
.
.
လူငယ်ဘဝပျော်တယ်ဆိုတာ ပျော်တတ်ဖို့အဓိကလိုအပ်တယ် ကိုယ်ပျော်တာကိုဘယ်သူမှမထိခိုက်အောင်သတိထားတတ်ရတယ် ဒါမှလည်းကိုယ့်အပျော်က စစ်မှန်တဲ့အပျော်ဖြစ်မှာပေါ့......
တချို့သောလူငယ်တွေကိုကြည့်လိုက်ရင် သင်္ကြန်လည်တာကို ဒုတ်ဆောင်သွားရတာနဲ့ ခါးကြားထဲဓါးထိုးသွားရတာနဲ့ ပျော်ဖို့ထွက်တာလား ရှေ့တန်းထွက်တိုက်ပွဲဝင်မှာလားတောင်မသဲကွဲဘူး....
လူငယ်ပဲလေဒီလိုပွဲမှာသောက်ဖြစ်မယ် မူးမယ် စကားများမယ် နောက်ဆုံးရန်ဖြစ်တော့ရော လက်သီးပါတာပဲ ထိုးပလိုက်ပေါ့ ပြန်ထိုးတော့လည်ခံပေါ့ နောက်ဆုံးအခြေနေက ဖုယောင်ပြီးကွဲပြဲတာအပြင်ဘာမှမဖြစ်ဘူး....
ရန်ဖြစ်စေချင်လို့ပြောနေတာမဟုတ်ဘူးနောက်ဆုံးအခြေအနေကိုတွက်ပြတာပါ ( ကြားထဲကန့်လန့်တိုက်မယ့်ပညာရှင်တွေလည်းကြောက်ရသေး )...
ဆိုကြပါစို့ ဓါးဆောင်သွားမယ် အကြောင်းပြချက်ကတော့ ရန်မဖြစ်ပါဘူးကွကိုယ်ကာကွယ်ဖို့ဆိုပြီအကြောင်းပြဦးမယ်...
ရန်ဖြစ်တယ်ဆိုတာကသွေးပူနေရင်ကွကိုယ်တောင်ထိန်းလို့ရတဲ့အမျိုးမဟုတ်ဘူး ဓါးမပြောနဲ့ သေနတ်ရှိလည်းပစ်မိမှာပဲ...
နောက်ဆက်တွဲပြဿနာဘာလာမယ်ထင်သလဲ......
ပျော်ချင်သလောက်ပျော် စစ်မှန်တဲ့အပျော်တော့ဖြစ်ဖို့လိုတယ် ။ ရန်ဖြစ်တယ်ဆိုတာကလည်း ရှုံးရင်တော့ သင်္ချိုင်းကုန်း နိုင်ရင်လည်း ကျောက်ထုဖို့သာပြင်ထား ဘယ်သူ့အတွက်မှအကျိုးမရှိဘူး....
ကိုယ့်ကိုဆော်ကားသွားလို့ ကိုယ့်မိဘကိုထိခိုက်အောင်လုပ်လို့ သူ့ကြောင့်ကိုယ့်ဘဝပျက်မတတ်ဖြစ်ခဲ့လို့ဆိုရင်တော့မပြောလိုဘူး မတွေ့ရင်တောင်ရှာပြီးလက်တုန့်ပြန် အားပေးတယ်...

ဘာမဟုတ်တဲ့ပျော်ပွဲတစ်ခုမှာ မတော်တဆတွေ့ပြီး ဘဝပျက်လောက်တဲ့အမှားမျိုးမဖြစ်မိရလေအောင် စပြီးလည်မယ်ဆိုကတည်းက သေချာစဉ်းစားကြပေါ့...
ထပ်ပြီးသတိပေးပါမယ် စပြီးလည်မယ်ဆိုကတည်းက ဒုတ် ဓါး စတဲ့ပစ္စည်းတွေကိုင်ဆောင်ပြီးမလည်ကြပါနဲ့......
လက်ထဲမှာအဲ့ပစ္စည်းတွေရှိနေတာနဲ့ဒေါသနဲ့ပေါင်းမိသွားရင် တစ်ဘဝလုံးပြင်လို့မရတဲ့အမှားတွေဖြစ်တတ်ပါတယ် ။
စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ အစွန်းဆုံးပျော်ရွှင်နိုင်ကြပါစေ
" ပျော်သလိုသာနေပါ သူများကိုမထိခိုက်ပါစေနှင့် "

Create - sai htet
#စာ​ပေ အလင်းတန်း

LOVE



ယောက်ျားလေးတွေ လိုချင်တဲ့ မိန်းကလေးမျိုးဆိုတာ

အောင်မြင်ချိန်မှာ အနားမှာအမြဲရှိနေသလိုမျိုး
ကျရှုံးချိန်မှာလည်း လက်တွဲမဖြုတ်မယ့် အားပေးတက်တဲ့
မိန်းကလေးမျိုးပါ။

Crd

2018

နှစ်​သစ်​မှာ စိတ်​ချမ်းသာခြင်းနဲ့ ပြည့်​ဝပ​စေ